Covid-19၏ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများအပေါ် သက်ရောက်မှုများကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ဒေသတွင်း အကြီးမားဆုံး စီးပွားရေးကျဆင်းမှုအဖြစ်(၇.၈%)အထိ ကျဆင်းဖွယ်ရှိနေကြောင်း Asean+3 မက်ခရိုစီးပွားရေးသုတေသနရုံး(Amro) ၏ ပြောကြား ချက် အရသိရှိရပါသည်။ Amro’s ၏ စီးပွားရေးပညာရှင်အကြီးအကဲ Hoe Ee Khor က ၎င်းတို့အုပ်စု၏ ခန့်မှန်းချက်အရ အာဆီယံစီးပွားရေး တိုးတက်မှုသည် ကပ်ရောဂါ၏သက်ရောက်မှုကြောင့် (၄.၆%) မှ (၂.၆%) သို့ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။ အာဆီယံနှင့် ၎င်း၏ +၃ နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့အတွက် ပျှမ်းမျှတိုးတက်မှုနှုန်းသည် ပြီးခဲ့သည့်နှစ်က (၄.၈%) ရှိခဲ့ရာမှ ယခုနှစ် တွင်(၀%)သို့ ကျဆင်းနိုင်သည်ဟု Mr.Khor ကပြောကြားခဲ့ပါသည်။
နိုင်ငံအတော်များများအနေဖြင့် ၎င်းတို့၏ စီးပွားရေးအခြေခံအဆောက်အဉီနှင့် ဗိုင်းရပ်စ်ကူးစက်မှုအပေါ် ၎င်းတို့အနေဖြင့် မည်ကဲ့သို့ အောင်မြင်စွာ ကိုင်တွယ် ဆောင်ရွက်နိုင်သည်ဆိုသည့်အချက်များအပေါ်မူတည်၍ စီးပွားရေးကျဆင်းနေမှုတို့ကို ကြုံတွေ့နေရကြောင်း ၎င်းကပြောကြားခဲ့ ပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံကဲ့သို့ အောင်မြင်မှုအရှိဆုံးနိုင်ငံများမှာပင် စီးပွားရေးတိုးတက်မှု (-၇.၈%) ရှိမည် ဟု ခန့်မှန်းထားကြောင်း၊ အကြောင်းမှာ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ်တွင်မှီခိုမှုပြုထားသော၎င်း၏စီးပွားရေးကြောင့်ဖြစ်ပြီး ၎င်းလုပ်ငန်းများအနေ ဖြင့် ကပ်ရောဂါကြောင့် ဆိုးဝါးစွာထိခိုက်ခံစားနေရခြင်းကြောင့်ဖြစ်ကြောင်း၊ Mr. Kor က “ The 2020 Asean +3 Regional Economimc Outlook” Virtual Media Briefing သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
၎င်းက ဒေသအနေဖြင့် ၁၉၉၇ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကာလမှစ၍ စီးပွားရေး အကျပ် အတည်း အကြီးမားဆုံးနှင့်ရင်ဆိုင်ခဲ့ရကြောင်း၊ သို့ရာတွင်အဖွဲ့ဝင်(၁၀)နိုင်ငံ ပါဝင်သော အုပ်စုအနေဖြင့် ယခုကပ်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် နည်းလမ်းတစ်ခုခုရှာတွေ့ပါက ပြန်လည် နာလန်ထူကာ ၂၀၂၁ခုနှစ်တွင် စီးပွားရေးတိုးတက်မှု (၅.၇%)သို့ ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ၎င်းက အကယ်၍ အာဆီယံ(+၃) အနေဖြင့် ရောဂါကူးစက်မှု ကို လျှင်မြန်စွာထိန်းချုပ်နိုင်မည်ဆိုပါက လာမည့်နှစ်တွင် စီးပွားရေးအနေဖြင့်(၆%)အထိ တိုးတက် လာနိုင်မည်ဖြစ်ကြောင်းမှတ်ချက်ပြု ပြောကြားခဲ့ပါသည်။ ယခုနှစ် ဒုတိယနှစ်ဝက်အတွက် မေးမြန်း မှုအပေါ် Amro မှ ဒေသဆိုင်ရာစောင့်ကြည့် လေ့လာရေးအဖွဲ့၏ အကြီးအကဲ Li Lian က များစွာသောနိုင်ငံတို့အနေဖြင့် ကပ်ရောဂါမပျံ့ပွားအောင် စီမံဆောင်ရွက်နိုင်ခဲ့ကြသော်လည်း အချို့မှာဒုတိယလှိုင်းကူးစက်မှုကို ကြုံတွေ့ ကြရပြီး မသေမချာမရေမရာမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။
Mr.Khor က (၂)နှစ်ကြာဖြစ်ပွားနေသော အမေရိကန်-တရုတ်ကုန်သွယ်ရေး တင်းမာမှုများအကြား ဘဏ္ဍာရေးအကျပ်အတည်များနှင့် ကပ်ရောဂါ ဖြစ်ပွားမှုတို့လည်း ပါဝင်လာခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍများ ပြန်လည်တည်ထောင်ရေးနှင့် ပတ်သက်၍ Mr. Khor က ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုကို အနည်းဆုံးဖြစ်စေရန် အကောင်းဆုံးနည်းလမ်းမှာ ကွဲပြားခြားနား ဖြန့်ကျက် မှုများပြုလုပ်ရန်နှင့် ၎င်းက ပိုမိုခံနိုင်ရည်ရှိလာစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အကယ်၍ သတင်းရင်းမြစ်တစ်ခုထိခိုက်ပါက အခြားသော ထောက်ပံ့ရေးအရင်း အမြစ်များရှိထားသင့်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ စင်္ကာပူနိုင်ငံမှအကောင်းဆုံးသော ဉပမာဖြစ်ကြောင်း၊ အကြောင်းမှာ ၎င်းတို့အနေဖြင့် မည်သည့်အစားအစာကိုမျှ မထုတ်လုပ်ကြောင်း၊သို့ရာတွင် ၎င်းတို့အနေဖြင့် ဒေသတွင်းရှိအခြားနိုင်ငံများမှ တင်သွင်းကြောင်း ၎င်းကပြောကြားခဲ့ပါ သည်။ Mr.Khor က အာဆီယံစီးပွားရေးအနေဖြင့် ကမ္ဘာတွင် အလျှင်အမြန်ဆုံးတိုးတက်မှုနှင့် အလယ် အလတ်တန်းအဆင့် လူဉီးရေတိုးတက်စေရန် အလားအလာ ကောင်းများရှိနေကြောင်း ပြောကြားခဲ့ပါသည်။
Source:Bangkok Post
( မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)